ပေါ့ဒ်ကတ်စ်ဆိုတာ သတင်းအစီအစဉ်တွေကို မိမိရဲ့ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက် ဒါမှမဟုတ် Media player တွေမှာရယူပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်နိုင်တဲ့စနစ် ဖြစ်ပါတယ်။
ပေါ့ဒ်ကတ်စ်ရဲ့အားသာချက်ကတော့ အသံလွှင့်အစီအစဉ်တွေကို မိမိရဲ့ ကွန်ပြူတာ၊ ဖုန်း၊ တက်ဘလက် စတာတွေမှာ လမ်းသွားရင်း၊ ကားစီးရင်း၊ ရထားစီးရင်း ကိုယ်ကြိုက်တဲ့အစီအစဉ်ကို အဆင်ပြေသလို ရွေးချယ်နားထောင်နိုင်တာ ဖြစ်ပါတယ်။
Apple Podcasts, Spotify, Overcast, Pocket Casts စတဲ့အက်ပ်တွေကို သုံးနိုင်ပါတယ်။ နှစ်သက်ရာ ပေါ့ဒ်ကတ်စ်အက်ပ်ကို ဖွင့်ပြီး "Radio Free Asia Burmese" ဒါမှမဟုတ် မိမိစိတ်ဝင်စားတဲ့ အစီအစဉ်ကို ရှာပါ။ ဒါမှမဟုတ် Podcast Feed URL ကတစ်ဆင့် တိုက်ရိုက်စာရင်းသွင်းပါ။
စာရင်းသွင်းပြီးသွားပြီဆိုရင် အဲဒီပေါ့ဒ်ကတ်စ်ရဲ့ နောက်ဆုံးထုတ်လွှင့်တဲ့ အစီအစဉ်သစ် (Latest Episode) ကို အက်ပ်က အလိုအလျှောက် ဒေါင်းလုဒ် ဒါမှမဟုတ် တိုက်ရိုက်ဖွင့်ပေးနိုင်ပါတယ်။ အစီအစဉ်တွေကို ရွေးချယ်နားထောင်နိုင်သလို အင်တာနက်မရှိတဲ့အချိန်မှာ နားထောင်ဖို့လည်း ဒေါင်းလုဒ်ယူထားနိုင်ပါတယ်။
RFA PODCAST အစီအစဉ်များ
နေ့လယ်ခင်းသတင်း
RFA နေ့လယ်ခင်းသတင်း အစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ နေ့လယ် ၂ နာရီမှာ ပုံမှန် ထုတ်လွှင့်ပေးနေပါတယ်။
Opens in new windowApple
Opens in new windowSpotify
Opens in new windowRSS
စစ်မှုထမ်း ဇာတ်လမ်းများ
စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း လူငယ်အများအပြား ပြည်ပကို ထွက်ပြေးသွားကြပြီး စစ်ကောင်စီကလည်း လူငယ်တွေ ပြည်ပထွက်ခွာခွင့် တင်းကျပ်လိုက်ပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ ပြန်ပြောပြတာကို အပတ်စဉ် စနေနေ့တိုင်း နားဆင်နိုင်ပါတယ်။
Opens in new windowApple
Opens in new windowSpotify
Opens in new windowRSS
ဒီတစ်ပတ်မှာ ပြောချင်စရာ
မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်က ထူးခြားတဲ့ အကြောင်းအရာတွေကို RFA ဝိုင်းတော်သား စောဖိုးခွားနဲ့ ဝေမာထွန်းတို့က အပတ်စဉ် ဆွေးနွေးတင်ပြထားပါတယ်။
Opens in new windowApple
Opens in new windowSpotify
Opens in new windowRSS
"ဟဟ ပါပဲ"
ခေတ်စနစ်ရဲ့ အမြီးအမောက်မတည့်တဲ့ အလွဲအမှားတွေကို သရော်စာရေးတဲ့ RFA ပြင်ပဆောင်းပါးရှင် မောင်သံဒိုး နှစ်ပတ်တစ်ကြိမ် တင်ဆက်နေပါတယ်။
Opens in new windowApple
Opens in new windowSpotify
Opens in new windowRSS
"စိုပြေ မပြောချင်ဘူး"
ခေတ်စနစ်ရဲ့ အမြီးအမောက်မတည့်တဲ့ အလွဲအမှားတွေကို သရော်စာရေးတဲ့ RFA ပြင်ပဆောင်းပါးရှင် စိုပြေ နှစ်ပတ်တစ်ကြိမ် တင်ဆက်နေပါတယ်။
Opens in new windowApple
Opens in new windowSpotify
Opens in new windowRSS
နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက်
RFA က နေ့စဉ် မနက် ၇ နာရီနဲ့ ည ၇ နာရီမှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ရေဒီယို အသံလွှင့် အစီအစဉ်တွေကို နားဆင်နိုင်ပါတယ်။
Opens in new windowApple Podcasts
Opens in new windowSpotify
Opens in new windowRSS
